Buddhism and Cultural Basic Teachings and Burmese Language Basics for the Youths and Children

👏👏👏 ယဥ်ကျေးလိမ္မာပြီး ပညာပြည့်စုံ သောသားသမီး ရတနာများကြောင့် ဂုဏ်ယူနိုင်ကြရသော မိဘများဖြစ်ကြပါစေ 👏👏👏

ယခုအပတ် တနင်္ဂနွေနေ့ ၂/၁၂/၂၀၁၈ မွန်းလွဲ ၁ နာရီ မှ ၃ နာရီ အထိ ကလေး လူငယ်လူရွယ်များအား ဗုဒ္ဓယဉ်ကျေးမှု အခြေပြု သင်ခန်းစာများနှင့် မြန်မာစာ မြန်မာစကားပြော အခြေခံများကို သင်ကြားပို့ချပေးမည် ဖြစ်ပါသဖြင့် စိတ်ပါဝင်စားပါက လာရောက်သင်ယူနိုင်ကြောင်း နိဗ္ဗာန်အကျိုးမျှော်၍ နှိုးဆော်အပ်ပါသည်။

ကလေး လူငယ် များကို သာရဏီယဓမ္မစင်တာသို့ ပို့ဆောင် ကုသိုလ် ယူပေးကြကုန်သော မိဘ၊ အုပ်ထိန်းသူများကိုလဲ ကျေးဇူး အထူးတင်ရှိပါသည်။


(ပဏ္ဍိတာရာမ ဆရာတော်ကြီး၏သြဝါဒ)

🙏🙏🙏 မိဘကောင်းရင် သားသမီးကောင်းမှာပဲ၊ သားသမီးကောင်းအောင် မိဘကောင်းရမယ်၊ ဒါမှ သားသမီးကောင်းရနိုင်မယ်။

🙏🙏🙏 ဆရာကောင်းရင် တပည့်ကောင်းမယ်၊ တပည့်ကောင်းအောင် ဆရာကောင်းရမယ်၊ ဒါမှ တပည့်ကောင်းရနိုင်မယ်။

🙏🙏🙏 ရဟန်းသံဃာကောင်းရင် ပစ္စည်းလေးပါးနဲ့ ပံ့ပိုးတဲ့ ဒကာ,ဒကာမတွေ ကောင်းမယ်၊ ပစ္စည်းလေးပါးနဲ့ ပံ့ပိုးတဲ့ ဒကာ, ဒကာမတွေ ကောင်းအောင် ကောင်းရာသုဂတိနဲ့ ဘဝဆင်းရဲမှ လွတ်မြောက်ရေးအတွက် ဗုဒ္ဓအလိုတော်ကျ နည်းလမ်းပြရမယ်၊ ဒါမှ ဒကာ, ဒကာမကောင်း ရနိုင်မယ်။

🙏🙏🙏 အစိုးရကောင်းရင် တိုင်းသားပြည်သူကောင်းမယ်၊ တိုင်းသားပြည်သူကောင်းအောင် အစိုးရကောင်းရမယ်။ ဒါမှ တိုင်းသားပြည်သူကောင်း ရနိုင်မယ်။

=====================








=====================


1 pm to 3 pm on Sunday – 02/12/2018 
@ Saraniya Dhamma Meditation Centre,
420 Lower Broughton Road
Manchester, United Kingdom M7 2GD

🙏 Special thanks to all the parents and guardians who gave up their time to bring their children to the centre.

Children enjoyed their friend’s company during their time here in their last session in November, developing their knowledge in what’s right and wrong according to the Buddha’s teachings and happily participated in the language activities and games.

If you have any queries please contact:
💬 +44 (0)161 281 6242 
admin@saraniya.com

Leave a Reply

Your email address will not be published. Required fields are marked *